တနသၤာရီျမစ္ေရ ဒုတိယအႀကိမ္ ျပန္လည္ျမင့္ တက္ၿပီး စိုးရိမ္ေရ မွတ္ထက္ ေက်ာ္လြန္လာ၍ ေနအိမ္ အခ်ိဳ႕ ေျပာင္းေ႐ႊ႕ေပးေနရေၾကာင္း သိရ

[sc name=”Ads”] [sc name=”Ads”] [sc name=”Ads”]

တနသၤာရီျမစ္ေရ ဒုတိယအႀကိမ္ ျပန္လည္ျမင့္တက္ လာေနၿပီး စိုးရိမ္ေရမွတ္အ ထက္သို႔ ေက်ာ္လြန္ လာကာ ေနအိမ္အခ်ိဳ႕ကို ေျပာင္းေ႐ႊ႕ေပးေနရေၾကာင္း သိရသည္။

တနသၤာရီျမစ္ဖ်ားပိုင္းေဒသ မ်ားတြင္ မိုးသည္းထန္စြာ ႐ြာသြန္းေနသည့္ အတြက္ တနသၤာရီျမစ္ေရ ျပန္လည္ ျမင့္ တက္ လာၿပီး ၾသဂုတ္ ၂၈ ရက္တြင္ စိုးရိမ္ေရမွတ္ ၁၇ ေပကို ေက်ာ္လြန္ကာ ၁၈ ေပ ၁၀ လက္မ အထိ ျပန္လည္ ျမင့္ တ က္ လာေၾကာင္း သိရသည္။

တနသၤာရီျမစ္ေရ ျပန္လည္ ျမင့္တက္ေန သည့္အတြက္ အနိမ့္ပိုင္းရပ္ကြက္ မ်ားမွ ျပည္သူမ်ားကို ကယ္ဆယ္ေရး စခန္း မ်ားသို႔ ျပန္လည္ေ႐ႊ႕ေပးေနရၿပီး ေက်း႐ြာ ၁၀ ႐ြာမွာ ေရျပန္လည္ နစ္ျမဳပ္ လာေၾကာင္း သိရသည္။

“တနသၤာရီျမစ္ေရႀကီးမႈ က ဒုတိယအႀကိမ္ ျဖစ္သြား ၿပီေပါ့။ နံနက္ ၈ နာရီ တိုင္းတာမႈ အရ ၁၈ ေပ ၁၀ လက္မကို ျပန္ လည္ ေရာက္ရွိလာၿပီ ျဖစ္ပါတယ္။ စိုးရိမ္ေရ မွတ္ ၁၇ ေပကို ေက်ာ္ၿပီး ၁၈ ေပ ၁၀ လက္မကို ေရာက္ေန ပါၿပီ။ ေလာေလာ ဆယ္ ကယ္ဆယ္ေရးစခန္း ငါးခု ဖြင့္လွစ္ ထားၿပီး ျဖစ္ပါတယ္။ ၿမိဳ႕ေပၚမွာ သုံးခုနဲ႔ နယ္ မွာ ႏွစ္ခု ဖြင့္လွစ္ ထားၿပီးပါၿပီ။ ေ႐ႊ႕ေျပာင္းေနဆဲ ျဖစ္တဲ့အတြက္ လူဦးေရ အတိအ က်ကို မေျပာႏိုင္ေသးပါဘူး။

[sc name=”Ads”] [sc name=”Ads”] [sc name=”Ads”]

လတ္တေလာမွာ ေရႀကီးမႈျဖစ္ေန တာက ၁၀ ႐ြာျဖစ္သြားၿပီ။ တျခား႐ြာေတြလည္း ေရထပ္တိုးေနတဲ့ အေနထားရွိ တယ္။ ရာသီဥတုက လက္ရွိ မွာေတာ့ သာယာေနတဲ့အပိုင္းမွာ ရွိေနတယ္။ ၿမိဳ႕ရဲ႕ စိုးရိမ္ေရမွတ္ ကိုေတာ့ ၾသဂုတ္၂၇ ရက္မွာ ေက်ာ္လြန္ သြားပါတယ္” ဟု တနသၤာရီတိုင္းေဒသႀကီး လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးရဲျမင့္ေဆြက ေျပာၾကား သည္။

ျမစ္ဖ်ားပိုင္းတြင္ မိုးသည္းထန္ စြာ ႐ြာေနသည့္အတြက္ ျမစ္ေရႀကီး လာျခင္းျဖစ္ၿပီး တနသၤာရီၿမိဳ႕ႏွင့္ ပတ္ဝန္းက်င္ ေက်း႐ြာ ၁၀ ႐ြာ စတင္ ေရနစ္ျမဳပ္လာေၾကာင္း သိရသည္။ တနသၤာရီျမစ္ေရမွာ ၾသဂုတ္ ပထမအပတ္ တြင္ ျမစ္ေရ ပထမႀကိမ္ႀကီး ခဲ့ၿပီး ဆယ္ရက္အတြင္း ေက်း႐ြာအုပ္စု ၂၂ စု ေရႀကီးမႈခံစားခဲ့ ရကာ လူဦးေရ ၂၃၀၀၀ ေက်ာ္ ေရေဘး သင့္ခဲ့သည္။ စာသင္ေက်ာင္း ၄၄ ေက်ာင္း ပိတ္ခဲ့ ရသလို ကယ္ဆယ္ေရး လုပ္ငန္းမ်ား ေဆာင္႐ြက္ ခဲ့ရေၾကာင္း သိရသည္။ ၾသဂုတ္၂၇ ရက္တြင္ တနသၤာရီျမစ္ေ ရမွာ ဒုတိယအႀကိမ္ ျပန္လည္ ျမင့္တက္ လာၿပီး ေက်း႐ြာ ၁၀ ႐ြာ စတင္ ေရနစ္ျမဳ ပ္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

တနသၤာရီျမစ္ေရ၏ စိုးရိမ္ေရ မွတ္မွာ ၁၇ ေပျဖစ္ၿပီး အႏၲရာယ္ေရမွတ္မွာ ၂၄ ေပျဖစ္ကာ အႏၲရာယ္ေရ မွတ္သို႔ ေရာက္ ရွိ ပါက ရန္ကုန္-ၿမိတ္-တနသၤာရီ-ေကာ့ေသာင္း ျပည္ေထာင္စု လမ္းမႀကီး၏ အစိတ္အပိုင္းမ်ား ေရေက်ာ္ ကာ လမ္း ပိတ္ ဆို႔မႈ ျဖစ္ပြားတတ္ေၾကာင္း သိရသည္။

Credit; Eleven Media Group

[sc name=”Ads”] [sc name=”Ads”] [sc name=”Ads”]

Unicode

တနင်္သာရီမြစ်ရေ ဒုတိယအကြိမ် ပြန်လည်မြင့် တက်ပြီး စိုးရိမ်ရေ မှတ်ထက် ကျော်လွန်လာ၍ နေအိမ် အချို့ ပြောင်းရွှေ့ပေး နေရကြောင်း သိရ

တနင်္သာရီမြစ်ရေ ဒုတိယအကြိမ် ပြန်လည်မြင့်တက် လာနေပြီး စိုးရိမ်ရေမှတ်အ ထက်သို့ ကျော်လွန် လာကာ နေအိမ်အချို့ကို ပြောင်းရွှေ့ပေးနေရကြောင်း သိရသည်။

တနင်္သာရီမြစ်ဖျားပိုင်းဒေသ များတွင် မိုးသည်းထန်စွာ ရွာသွန်းနေသည့် အတွက် တနင်္သာရီမြစ်ရေ ပြန်လည် မြင့် တက် လာပြီး သြဂုတ် ၂၈ ရက်တွင် စိုးရိမ်ရေမှတ် ၁၇ ပေကို ကျော်လွန်ကာ ၁၈ ပေ ၁၀ လက်မ အထိ ပြန်လည် မြင့် တ က် လာကြောင်း သိရသည်။

တနင်္သာရီမြစ်ရေ ပြန်လည် မြင့်တက်နေ သည့်အတွက် အနိမ့်ပိုင်းရပ်ကွက် များမှ ပြည်သူများကို ကယ်ဆယ်ရေး စခန်း များသို့ ပြန်လည်ရွှေ့ပေးနေရပြီး ကျေးရွာ ၁၀ ရွာမှာ ရေပြန်လည် နစ်မြုပ် လာကြောင်း သိရသည်။

“တနင်္သာရီမြစ်ရေကြီးမှု က ဒုတိယအကြိမ် ဖြစ်သွား ပြီပေါ့။ နံနက် ၈ နာရီ တိုင်းတာမှု အရ ၁၈ ပေ ၁၀ လက်မကို ပြန် လည် ရောက်ရှိလာပြီ ဖြစ်ပါတယ်။ စိုးရိမ်ရေ မှတ် ၁၇ ပေကို ကျော်ပြီး ၁၈ ပေ ၁၀ လက်မကို ရောက်နေ ပါပြီ။ လောလော ဆယ် ကယ်ဆယ်ရေးစခန်း ငါးခု ဖွင့်လှစ် ထားပြီး ဖြစ်ပါတယ်။ မြို့ပေါ်မှာ သုံးခုနဲ့ နယ် မှာ နှစ်ခု ဖွင့်လှစ် ထားပြီးပါပြီ။ ရွှေ့ပြောင်းနေဆဲ ဖြစ်တဲ့အတွက် လူဦးရေ အတိအ ကျကို မပြောနိုင်သေးပါဘူး။

လတ်တလောမှာ ရေကြီးမှုဖြစ်နေ တာက ၁၀ ရွာဖြစ်သွားပြီ။ တခြားရွာတွေလည်း ရေထပ်တိုးနေတဲ့ အနေထားရှိ တယ်။ ရာသီဥတုက လက်ရှိ မှာတော့ သာယာနေတဲ့အပိုင်းမှာ ရှိနေတယ်။ မြို့ရဲ့ စိုးရိမ်ရေမှတ် ကိုတော့ သြဂုတ်၂၇ ရက်မှာ ကျော်လွန် သွားပါတယ်” ဟု တနင်္သာရီတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးရဲမြင့်ဆွေက ပြောကြား သည်။

မြစ်ဖျားပိုင်းတွင် မိုးသည်းထန် စွာ ရွာနေသည့်အတွက် မြစ်ရေကြီး လာခြင်းဖြစ်ပြီး တနင်္သာရီမြို့နှင့် ပတ်ဝန်းကျင် ကျေးရွာ ၁၀ ရွာ စတင် ရေနစ်မြုပ်လာကြောင်း သိရသည်။ တနင်္သာရီမြစ်ရေမှာ သြဂုတ် ပထမအပတ် တွင် မြစ်ရေ ပထမကြိမ်ကြီး ခဲ့ပြီး ဆယ်ရက်အတွင်း ကျေးရွာအုပ်စု ၂၂ စု ရေကြီးမှုခံစားခဲ့ ရကာ လူဦးရေ ၂၃၀၀၀ ကျော် ရေဘေး သင့်ခဲ့သည်။ စာသင်ကျောင်း ၄၄ ကျောင်း ပိတ်ခဲ့ ရသလို ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက် ခဲ့ရကြောင်း သိရသည်။ သြဂုတ်၂၇ ရက်တွင် တနင်္သာရီမြစ်ေ ရမှာ ဒုတိယအကြိမ် ပြန်လည် မြင့်တက် လာပြီး ကျေးရွာ ၁၀ ရွာ စတင် ရေနစ်မြု ပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

တနင်္သာရီမြစ်ရေ၏ စိုးရိမ်ရေ မှတ်မှာ ၁၇ ပေဖြစ်ပြီး အန္တရာယ်ရေမှတ်မှာ ၂၄ ပေဖြစ်ကာ အန္တရာယ်ရေ မှတ်သို့ ရောက် ရှိ ပါက ရန်ကုန်-မြိတ်-တနင်္သာရီ-ကော့သောင်း ပြည်ထောင်စု လမ်းမကြီး၏ အစိတ်အပိုင်းများ ရေကျော် ကာ လမ်း ပိတ် ဆို့မှု ဖြစ်ပွားတတ်ကြောင်း သိရသည်။

Credit; Eleven Media Group

Leave a Reply

Your email address will not be published. Required fields are marked *