တိုက္ပြဲ ျဖစ္ပြား မႈေၾကာင့္ ကြတ္ခိုင္-မူဆယ္ လမ္းေ ၾကာင္း တြင္ ငါးရွဥ့္ကုန္ကားမ်ား ပိတ္မိေနၿပီး လုပ္ ငန္း ရွင္မ်ား က်ပ္သိန္း ၉၀၀၀ ခန႔္ ဆုံးရႈံးခဲ့ဟုဆို

ကြတ္ခိုင္ႏွင့္ မူဆယ္ၾကား တြင္ ၾသဂုတ္ ၁၇ ရက္မွ စတင္ကာ တပ္မေ တာ္ႏွင့္ ေျမာက္ပိုင္း လက္နက္ ကိုင္ သုံးဖြဲ႕ႏွင့္ ပစ္ခတ္မႈမ်ား ရွိ ခဲ့ျခင္းေၾကာင့္ ယာဥ္လမ္းေၾကာင္းမ်ား ပိတ္မိေနၿပီး ငါးရွဥ့္ကုန္ကား မ်ား သြားလာခြင့္ မရျခင္းေၾကာင့္ ငါးရွဥ့္မ်ား ေသေၾက ပ်က္စီးကာ က်ပ္သိန္း ၉၀၀၀ ခန႔္ ဆုံးရႈံး ခဲ့ေၾကာင္း ျမန္မာႏိုင္ငံ ငါးရွဥ့္လုပ္ငန္းရွင္ မ်ားအသင္းမွ သိရသည္။

ျမန္မာမွ တ႐ုတ္သို႔ ငါးရွဥ့္၊ ကဏန္း တင္ပို႔မႈ၏ ၉၅ ရာခိုင္ႏႈန္း အား မူဆယ္ ၁၀၅ မိုင္ နယ္စပ္ ကုန္သြယ္ေရး ကသာ တင္ပို႔ေနၿပီး ငါးရွဥ့္ တင္ယာဥ္မ်ား ၾသဂုတ္ ၂၂ ရက္မ ွစတင္ကာ ငါးရက္ခန႔္ ပိတ္မိေနျခင္း ျဖစ္သည္။

“တစ္စီးကို က်ပ္သိန္း ၃၀၀၊ အစီးေရ ၃၀ ေလာက္ ရွိတယ္။ ဒီတစ္ေခါက္ေတာ့ ေတာ္ေတာ္ မခံႏိုင္ ဘူး။ တစ္ေယာက္မွ ဘာမွကို ျပန္မရေတာ့ဘူး။ ရက္က လည္း ငါးရက္ ေျခာက္ရက္ ပိတ္ေတာ့ အကုန္သြန္ ခ်ၿပီး ဘာမွကို ျပန္မရေတာ့ တာ။ တခ်ိဳ႕ဆို တြင္းတူးၿပီး ျမႇဳပ္တာ တို႔ ေခ်ာင္းေရေတြ ရွိေတာ့ လည္း ေရစီးထဲ ပစ္ခ်လိုက္တာေ တြ ရွိတယ္”ဟု ငါးရွဥ့္ လုပ္ ငန္းရွင္မ်ားအသင္း ဘ႑ာေရးမႉး ဦးစိုးသန္းက ေျပာၾကားသည္။

အဆိုပါ ယာဥ္ လမ္းေၾကာင္း ပိတ္မိမႈေၾကာင့္ မႏၲေလးတြင္ ရွိသည့္ ငါးရွဥ့္မ်ားအား ရန္ကုန္သို႔ ျပန္သယ္ ကာ က်ပ္သိန္း ၃၀၀ တန္ဖိုးရွိ ငါးရွဥ့္ကုန္ ကား တစ္စီးအား ျပန္ေရာင္းရာ က်ပ္သိန္း ၂၀ ခန႔္သာ ရရွိေၾကာင္း ၄င္းက ဆက္ေျပာၾကား သည္။

“နယ္စပ္ကုန္သြယ္ေရး လမ္းေၾကာင္း ပိတ္သြားတဲ့အ တြက္ေၾကာင့္ အရွင္သြားရတဲ့ ငါးရွဥ့္၊ ကဏန္းေတြ အတြက္ ေတာ္ေတာ္ အခက္အခဲ ျဖစ္သြားတယ္။ အဲဒီအခက္ အခဲေတြက ဘယ္ေလာက္ထိ ႀကီးသလဲ ဆိုေတာ့ ကုန္သည္က သြားလို႔မရတဲ့ အခါက်ေတာ့ အဝယ္ဒိုင္ေတြမွာ မဝယ္ခိုင္းေတာ့ ဘူး။ အဝယ္ဒိုင္ေတြက မဝယ္တဲ့ အခါ က်ေတာ့ ငါးရွဥ့္၊ ကဏန္း ဖမ္းတဲ့သူေတြ အလုပ္မ ရွိေတာ့ဘူး။ ဘယ္အခ်ိန္ထိ ျဖစ္ႏိုင္သလဲ ဆိုေတာ့ အဲဒီတ႐ုတ္ နယ္စပ္ကုန္ သြယ္ေရးလမ္းေၾကာင္း ပုံမွန္ပြင့္ၿပီးသြား လာလို႔ အဆင္ေျပသြားတဲ့ အခ်ိန္က်မွ အေရာင္း အဝယ္ေတြ ျပန္ပြင့္မယ္”ဟု ျမန္မာႏိုင္ငံ ငါးလုပ္ငန္းအဖြဲ႕ခ်ဳပ္ အေထြေထြ အတြင္းေရးမႉး ဦးဝင္းႀကိဳင္က ေျပာၾကား သည္။

ျမန္မာႏိုင္ငံမွ တ႐ုတ္ဘက္ သို႔ တစ္ေန႔လွ်င္ ငါးရွဥ့္ ကုန္ကား အစီးေရ ၁၀ မွ ၁၅ စီး ၾကား တင္ပို႔လ်က္ ရွိေနေၾကာင္း၊ လက္ရွိတြင္ ယာဥ္မ်ား သြား လာႏိုင္သည့္ အေနအထား ရွိေၾကာင္း သိရသည္။

ၾသဂုတ္ ၁၅ ရက္မွ စတင္ ကာ ျပင္ဦးလြင္ၿမိဳ႕ေပၚရွိ တပ္မေ တာ္ နည္းပညာ တကၠသိုလ္ (DSTA) ဝင္းအတြင္း လက္ နက္ ကိုင္ အဖြဲ႕အစည္းတစ္ခုမွ ပစ္ခတ္ သည့္ျဖစ္စဥ္ ျဖစ္ပြားခဲ့ၿပီးေနာက္ တပ္မေတာ္ႏွင့္ ေျမာက္ပိုင္း လက္နက္ကိုင္ သုံးဖြဲ႕မ်ား အျပန္ အလွန္ ပစ္ခတ္မႈမ်ားရွိကာ မႏၲေလး-မူဆယ္လမ္း ပိုင္း လုံၿခဳံစိတ္ခ်သည့္ အေျခအေန မရွိေသးသည့္ အတြက္ ယာဥ္မ်ားသြား လာေရး ခက္ခဲေနသည္ဟု သိရသည္။

Credit; Eleven Media Group

[sc name=”Ads”] [sc name=”Ads”] [sc name=”Ads”]

Unicode

တိုက်ပွဲ ဖြစ်ပွား မှုကြောင့် ကွတ်ခိုင်-မူဆယ် လမ်းေ ကြာင်း တွင် ငါးရှဉ့်ကုန်ကားများ ပိတ်မိနေပြီး လုပ်ငန်း ရှင်များ ကျပ် သိန်း ၉၀၀၀ ခန့် ဆုံးရှုံးခဲ့ဟုဆို

ကွတ်ခိုင်နှင့် မူဆယ်ကြား တွင် သြဂုတ် ၁၇ ရက်မှ စတင်ကာ တပ်မေ တာ်နှင့် မြောက်ပိုင်း လက်နက် ကိုင် သုံးဖွဲ့နှင့် ပစ်ခတ်မှုများ ရှိ ခဲ့ခြင်းကြောင့် ယာဉ်လမ်းကြောင်းများ ပိတ်မိနေပြီး ငါးရှဉ့်ကုန်ကား များ သွားလာခွင့် မရခြင်းကြောင့် ငါးရှဉ့်များ သေကြေ ပျက်စီးကာ ကျပ်သိန်း ၉၀၀၀ ခန့် ဆုံးရှုံး ခဲ့ကြောင်း မြန်မာနိုင်ငံ ငါးရှဉ့်လုပ်ငန်းရှင် များအသင်းမှ သိရသည်။

မြန်မာမှ တရုတ်သို့ ငါးရှဉ့်၊ ကဏန်း တင်ပို့မှု၏ ၉၅ ရာခိုင်နှုန်း အား မူဆယ် ၁၀၅ မိုင် နယ်စပ် ကုန်သွယ်ရေး ကသာ တင်ပို့နေပြီး ငါးရှဉ့် တင်ယာဉ်များ သြဂုတ် ၂၂ ရက်မ ှစတင်ကာ ငါးရက်ခန့် ပိတ်မိနေခြင်း ဖြစ်သည်။

“တစ်စီးကို ကျပ်သိန်း ၃၀၀၊ အစီးရေ ၃၀ လောက် ရှိတယ်။ ဒီတစ်ခေါက်တော့ တော်တော် မခံနိုင် ဘူး။ တစ်ယောက်မှ ဘာမှကို ပြန်မရတော့ဘူး။ ရက်က လည်း ငါးရက် ခြောက်ရက် ပိတ်တော့ အကုန်သွန် ချပြီး ဘာမှကို ပြန်မရတော့ တာ။ တချို့ဆို တွင်းတူးပြီး မြှုပ်တာ တို့ ချောင်းရေတွေ ရှိတော့ လည်း ရေစီးထဲ ပစ်ချလိုက်တာေ တွ ရှိတယ်”ဟု ငါးရှဉ့် လုပ် ငန်းရှင်များအသင်း ဘဏ္ဍာရေးမှူး ဦးစိုးသန်းက ပြောကြားသည်။

အဆိုပါ ယာဉ် လမ်းကြောင်း ပိတ်မိမှုကြောင့် မန္တလေးတွင် ရှိသည့် ငါးရှဉ့်များအား ရန်ကုန်သို့ ပြန်သယ် ကာ ကျပ်သိန်း ၃၀၀ တန်ဖိုးရှိ ငါးရှဉ့်ကုန် ကား တစ်စီးအား ပြန်ရောင်းရာ ကျပ်သိန်း ၂၀ ခန့်သာ ရရှိကြောင်း ၎င်းက ဆက်ပြောကြား သည်။

“နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်း ပိတ်သွားတဲ့အ တွက်ကြောင့် အရှင်သွားရတဲ့ ငါးရှဉ့်၊ ကဏန်းတွေ အတွက် တော်တော် အခက်အခဲ ဖြစ်သွားတယ်။ အဲဒီအခက် အခဲတွေက ဘယ်လောက်ထိ ကြီးသလဲ ဆိုတော့ ကုန်သည်က သွားလို့မရတဲ့ အခါကျတော့ အဝယ်ဒိုင်တွေမှာ မဝယ်ခိုင်းတော့ ဘူး။ အဝယ်ဒိုင်တွေက မဝယ်တဲ့ အခါ ကျတော့ ငါးရှဉ့်၊ ကဏန်း ဖမ်းတဲ့သူတွေ အလုပ်မ ရှိတော့ဘူး။ ဘယ်အချိန်ထိ ဖြစ်နိုင်သလဲ ဆိုတော့ အဲဒီတရုတ် နယ်စပ်ကုန် သွယ်ရေးလမ်းကြောင်း ပုံမှန်ပွင့်ပြီးသွား လာလို့ အဆင်ပြေသွားတဲ့ အချိန်ကျမှ အရောင်း အဝယ်တွေ ပြန်ပွင့်မယ်”ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောကြား သည်။

မြန်မာနိုင်ငံမှ တရုတ်ဘက် သို့ တစ်နေ့လျှင် ငါးရှဉ့် ကုန်ကား အစီးရေ ၁၀ မှ ၁၅ စီး ကြား တင်ပို့လျက် ရှိနေကြောင်း၊ လက်ရှိတွင် ယာဉ်များ သွား လာနိုင်သည့် အနေအထား ရှိကြောင်း သိရသည်။

သြဂုတ် ၁၅ ရက်မှ စတင် ကာ ပြင်ဦးလွင်မြို့ပေါ်ရှိ တပ်မေ တာ် နည်းပညာ တက္ကသိုလ် (DSTA) ဝင်းအတွင်း လက် နက် ကိုင် အဖွဲ့အစည်းတစ်ခုမှ ပစ်ခတ် သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ပြီးနောက် တပ်မတော်နှင့် မြောက်ပိုင်း လက်နက်ကိုင် သုံးဖွဲ့များ အပြန် အလှန် ပစ်ခတ်မှုများရှိကာ မန္တလေး-မူဆယ်လမ်း ပိုင်း လုံခြုံစိတ်ချသည့် အခြေအနေ မရှိသေးသည့် အတွက် ယာဉ်များသွား လာရေး ခက်ခဲနေသည်ဟု သိရသည်။

Credit; Eleven Media Group

Leave a Reply

Your email address will not be published. Required fields are marked *