ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်ကျေး ရွာတွင် ဒုရဲအုပ် တစ်ဦး ဓားထိုးခံရ၍ သေဆုံး

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်ကျေးရွာ ရှိ ရဲစခန်းမှ ဒုရဲအုပ် တစ်ဦး စက်တင်ဘာ ၁ ရက် နံနက်ပိုင်း က ဓားထိုးခံရသဖြင့် သေဆုံး ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အဆိုပါရဲ တပ်ဖွဲ့ဝင် ဒုရဲအုပ်ဇော်မင်းဌေးနှင့် ဇနီးနှင့်အတူ ယိုးတရုတ် ဈေးသို့ သွားရောက် စဉ် ဈေးမှအ ထွက် တွင် နံနက် ၇ နာရီခွဲခန့်က အမည်မသိလူ တစ်ဦး က ဓားဖြင့်လာရောက်ထိုးကာ ထွက်ပြေး သွား ခြင်းဖြစ်ေ ကြာင်း သိရသည်။

ဓားဖြင့်အထိုးခံရသည့် ဒုရဲအုပ်၏ ကိုယ်ပေါ်တွင် ထိုး သွင်းဒဏ်ရာ ၁၄ ချက်ရှိ ကြောင်း အမည်မေ ဖ်ာလိုသူ ဒေသခံ တစ်ဦး က ပြောကြားသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး သက်ဆိုင်ရာစခန်းများသို့ဆက်သွယ် ခဲ့သော်လည်း ဆက်သွယ်၍ မရသေးပေ။

Leave a Reply

Your email address will not be published. Required fields are marked *