
[sc name=”Ads”] [sc name=”Ads”] [sc name=”Ads”]

လွိုင်ကော်မြို့တွင် မူးယစ်ဆေးပြားနှင့် ကျည်ဆံများ ဖမ်းဆီးရမိ ခဲ့မှုမှ ကွင်းဆက် အဖြစ် ရဲတပ်ဖွဲ့က ယနေ့ သြဂုတ် (၂၈)ရက် နေ့လယ်ပိုင်းက မန္တလေး မြို့ပေါ်ရှိ ဖိနပ်အရောင်းဆိုင်တစ် ခုအား ဝင်ရောက်ဖမ်းဆီး ရာ လေသေနတ်၊ ဓားနှင့် ခဲကျည်များဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။



[sc name=”Ads”] [sc name=”Ads”] [sc name=”Ads”]



မိုးမခ

Credit; Isee media

[sc name=”Ads”] [sc name=”Ads”] [sc name=”Ads”]

Unicode

မန္တလေးမြို့ရှိ ဖိနပ်ဆိုင် တစ်ခု တွင် လေသေ နတ်၊ ငှက်ကြီးတောင် ဓားနှင့် ခဲကျည်ဆံများ ဖမ်းဆီးရမိ

လိုွင်ကော်မြို့တွင် မူးယစ်ဆေးပြားနှင့် ကျည်ဆံများ ဖမ်းဆီးရမိ ခဲ့မှုမှ ကွင်းဆက် အဖြစ် ရဲတပ်ဖွဲ့က ယနေ့သြဂုတ် (၂၈)ရက် နေ့လယ်ပိုင်းက မန္တလေး မြို့ပေါ်ရှိ ဖိနပ်အရောင်းဆိုင်တစ် ခုအား ဝင်ရောက် ဖမ်းဆီး ရာ လေသေနတ်၊ ဓားနှင့် ခဲကျည်များဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

“လက်နက်တွေ ဖမ်းဆီးရမိမှုနဲ့ပတ်သက်ပြီး ဖိနပ်ဆိုင်က အမျိုးသား တစ်ဦးကို ဖမ်းဆီးကာ တိုင်းမှု ခင်းနိမ်နင်းရေး တပ်ဖွဲ့မှာ ထပ်ပြီးစစ်ဆေးနေ တုန်းပါ။”ဟု မဟာအောင်မြေမြို့နယ်ရဲ တပ်ဖွဲ့မှူ း ရဲမှူ းဝင်းနိုင်ကပြော ကြားခဲ့သည်။

တိုင်းဒေသကြီးမှုခင်းနိမ် နင်းရေးဌာနမှ ရဲအုပ် ဝင်းကျော် ဦးစီးသော အဖွဲ့ဝင်များ၊ မဟာအောင်မြေမြို့ နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းနိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်းဝင်း တို့ပါအဖွဲ့သည် လွိုင်ကော်အမှု ကွင်းဆက်မှရရှိသောလိပ်စာ အတိုင်း ယနေ့နေ့လည် ပိုင်းက မန္တလေး၊ မဟာအောင်မြေ မြို့နယ်၊ တက္ကသိုလ်ရ ပ်ကွက် တက္ကသိုလ် တိုက် တန်း၊ ၄၁လမ်း၊ ၇၁လမ်းနှင့်၇၂လမ်းကြား အခန်းအမှတ်-J (1/2)တွင် ဖွင့်လှစ် ထားသော Smile ဖိနပ်အမျိုးမျိုး အရောင်းဆိုင် အပေါ်ထပ်ရှိ အာကာမောင်(ခ) အာကာ၊ အသက်(၃၁) နှစ်(ဘ) ဦးမင်းဆွေနေေ သာအခန်းအား ဝင်ရောက် ရှာဖွေခဲ့ရာ

အဆိုပါ အခန်းအတွင်း ဗီရိုကြား မှ လေသေနတ် အရှည် စနိုက်ပါတပ် လျှက်(၁)လက် ၊ဆွန်ဇာလန် နိုင်ငံ ထုတ် လေေ သနတ် ပစ်စတို (၁)လက်နှင် ဆက်စပ် ပစ္စည်းများ လေသေနတ်ခဲ ကျည် (၇)ဘူး၊ ပွိုင့်-၂၂ ကျည် တစ်ဘူး (၅၀) ပါ (၂) ဘူး ၊ငှက်ကြီးထောင် ဓားရှည် (၂)လက်အပါ အဝင် ဓာတို/ရှည် (၈) ချောင်း၊ စနိုက်ဘာ မှန်ပြောင်း တစ်ခု၊ အသံ တိတ်ပြောင်း တို (၁)ခု၊ ကျော်ပိုးအိပ်(၁)လုံး၊ ခရီးဆောင် အိပ် (၁)လုံး ရှာဖွေတွေ့ရှိ သိမ်းဆည်း ခဲ့သည်။

သြဂုတ်(၂၇)ရက် ညနေပိုင်းက လွိုင်ကော်မြို့ တွင် စိတ်ကြွဆေးပြား(၁၁၁)ပြားနှင့် ပွိုင့်-၂၂ သေနတ် ကျည် ဆံ (၁၅၀၀) ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ မမြကေသီ၊ အသက်(၃၃)နှစ်နှင့် နေအောင် အသက်(၃၄) နှစ် တို့ကို လွိုင်ကော်မြို့မ ရဲ စခန်း တွင် (ပ)၄၂၇/၂၀၁၉၊ လက်နက်ဥပေ ဒပုဒ်မ-၁၉(စ)ဖြင့် အမှုဖွင့်အ ရေး ယူ ထားကြောင်း သိရသည်။

မိုးမခ

Credit; Isee media

Leave a Reply

Your email address will not be published. Required fields are marked *