
[sc name=”Ads”] [sc name=”Ads”] [sc name=”Ads”]



[sc name=”Ads”] [sc name=”Ads”] [sc name=”Ads”]




ဓာတ်ပုံ – Andy Hall

[sc name=”Ads”] [sc name=”Ads”] [sc name=”Ads”]


Unicode

လိပ်ကျွန်းလူသတ်မှု သေဒဏ် အယူခံ ယနေ့ အမိန့် ချမည်

လိပ်ကျွန်းလူသတ် မှုဖြင့် သေဒဏ်ကျနေသော မြန်မာ လုပ်သားနှစ်ဦး ၏ နောက်ဆုံးအယူခံ ကို ယနေ့ (သြဂုတ် ၂၉ရက်)တွင် အမိန့်ချ မည်ဖြစ်ကြောင်း လိပ်ကျွန်းလူသတ်မှု အရေးဆောင်ရွက်ပေးနေေ သာ မြန်မာသံရုံး အထူးအဖွဲ့ မှ ဦးထူးချစ်က ပြောသည်။

‘‘ Video Call နဲ့ အမိန့်ချမယ်လို့ သိထားရ ပါတယ်။ ဒါပေမယ့် မြန်မာသံရုံး ကိုလည်း အကြောင်းတာမရှိသေး ဘူး ။လေး စားမှု လည်းမရှိဘူး။ ရှေ့နေတွေ ပြောပြချက် အရပဲ သိရတာ’’ဟု မြန်မာသံရုံးအထူး အဖွဲ့ မှ ဦးထူးချစ်က ယနေ့ ညပိုင်းတွင် ပြောသည်။

လိပ်ကျွန်းလူသတ်မှုအ တွက် သေဒဏ်ကျ မြန်မာလုပ်သားနှစ်ဦး ၏အကျိုးဆောင်ရှေ့နေများဖြစ် သည့် ထိုင်းနိုင် ငံရှေ့ နေကောင်စီမှ ရှေ့နေများ သည် စာမျက်နှာ ၃၁၈ မျက်နှာပါရှိသော နောက်ဆုံးအ ယူခံကို ၂၀၁၇ သြဂုတ် ၂၁ ရက်က ထိုင်းနိုင်ငံ ကော့စမွီတရားရုံးသို့ တင်သွင်း ထားသည်။

ထို့ကြောင့် ၂၀၁၉ သြဂုတ် ၂၁ ရက်က အယူခံတင် သွင်းမှု နှစ်နှစ်ပြည့်ခဲ့ သည်။ သို့သော် မြန်မာဘက်က တင်သွင်း သည့် နောက်ဆုံးအယူခံကို ချေဖျက် သည့် အယူခံလျှောက် လဲချက်ကို တရားလိုထိုင်းရဲတပ် ဖွဲ့က ပြီးခဲ့သည့် ၂၀၁၈ မတ်လ ၉ ရက်တွင် တင်သွင်းခဲ့သည်။

ယခု နောက်ဆုံး အယူခံရှုံးနိမ့် ပါက မြန်မာလုပ်သားနှစ်ဦး သည် ထိုင်း ဘုရင် မင်းမြတ်ထံ အသနား ခံစာ တင်ရန်သာ ကျန်ရှိတော့ သည်။

ဓာတ်ပုံ – Andy Hall

Credit; 7 Day News Journal

Leave a Reply

Your email address will not be published. Required fields are marked *