


 








 

Unicode

အပစ်ရပ်လက်မှတ်ထိုးဖို့ ဆွေးနွေးနေတဲ့ မြောက်ပိုင်း (၄)ဖွဲ့နဲ့ ငြိမ်းချမ်းရေး ကော်မရှင် တို့ ကျိုင်းတုံမှာ ဆွေး နွေး မယ်

NCA လမ်းကြောင်းပေါ် တက်ရောက် ဖို့အတွက် ကနဦး အပစ်ရပ်စာချုပ်လက် မှတ်ထိုးဖို့ ကျန်ရှိနေ တဲ့ မြောက်ပိုင်း မဟာမိတ် (၄)ဖွဲ့ဖြစ် တဲ့ KIO, TNLA, MNDAA , AA တို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ကော်မရှင် တို့ တွေ့ဆုံေ ဆွးနွေး ပွဲ ကို ကျိုင်းတုံမြို့မှာ ပြုလုပ်သွား မယ်လို့ ငြိမ်းချမ်းရေး ကော်မရှင် အကြံပေး အဖွဲ့ဝင် ဦးလှမောင်ရွှေ က ရွှေတြိဂံဒေသ သတင်းဌာနကို ပြောပါတယ်။

ယခင်က မိုင်းလား မြို့မှာ တွေ့ဆုံဆွေးနွေးဖို့ ညှိနှိုင်းကြေ ပမယ့် ယခုအခါ ကျိုင်းတုံ မြို့မှာ တွေ့ဆုံဆွေးနွေးဖို့ ငြိမ်း ချမ်းရေး ကော်မရှင်ဘက်က အဆိုပြုခဲ့ပြီး မြောက် ပိုင်း မဟာမိတ် (၄)ဖွဲ့ဘက်ကလည်း တက်ရောက် ဖို့ အကြောင်းပြန် တယ်လို့ ဦးလှမောင်ရွှေက ပြောပါတယ်။

“ဒီ တစ်ရက်၊ နှစ်ရက် အတွင်းတွေ့ဆုံဆွေးနွေးပါမယ်။ ဘယ်နေ့ဆို တာကတော့ ညှိနှိုင်းနေ တုန်းပါ။ ကျွန်တော့် အထင်တော့ သြဂုတ်လ (၃၁)ရက်လောက် တွေ့ဖြစ်မယ်ထင် ပါတယ်” လို့ သူက ပြောပါတယ်။

KIO က ဗိုလ်ချုပ်ဂွမ်မော် အသုံးပြု တဲ့ ဖေ့စ်ဘွတ်အကောင့် ကနေ KIO ဆွေးနွေးရေး အဖွဲ့ဟာ သြဂုတ်လ ၂၉ရက် မနက်ပိုင်းမှာ အစည်းအဝေးစ တင်မယ့်နေရာကို ခရီးစတင်ပြီလို့ ရေးသား ထားပါပြီး ငြိမ်းချမ်းရေး ကော်မရှင် က ဖိတ်ကြား ထားတဲ့ ကျိုင်းတုံမြို့မှာ အလွတ်သဘောေ ဆွးနွေးဖို့ ဖိတ်ကြားစာကိုလည်း တစ်စိတ် တစ်ပိုင်း တင်ထား တယ်။

ဆွေးနွေးပွဲမှာ အပစ်ရပ်စာချုပ် လက်မှတ်ထိုးနိုင်ရေး ကို အဓိက ဆွေးနွေးမှာ ဖြစ်တယ် လို့ ငြိမ်းချမ်းရေး ကော်မရှင် အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေ က ပြောပါတယ်။

“အလွတ်သဘောပဲတွေ့တွေ့၊ တရားဝင်ပဲတွေ့တွေ့ အဓိ က ကတော့ အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးဖို့ပဲ ဆွေးနွေးမှာပဲ” လို့ သူက ပြော ပါတယ်။

ဒီဆွေးနွေးပွဲဟာ ငြိမ်းချမ်းရေး ကော်မရှင် က လုပ်ဆောင်တာဖြစ်လို့ လက်ရှိ ရှမ်းပြည်နယ်မြောက် ပိုင်းမှာ ဖြစ်ပွားနေ တဲ့ တိုက်ပွဲတွေအပေါ် သက်ရောက်မှု တစ်စုံ တစ်ရာ မရှိနိုင်ဘူးလို့ ဦးလှမောင်ရွှေက သုံးသပ်ပါတယ်။

လာမယ့် သြဂုတ်လ ၃၁ရက်ဆို ရင် တပ်မတော်က ကြေညာ ထားတဲ့ အပစ်ရပ်သက်တမ်းတိုးကာလ ကုန်ဆုံးတော့ မှာ လည်း ဖြစ်ပါတယ်။

သတင်း/ဓာတ်ပုံ – ရွှေတြိဂံဒေသသတင်း

Leave a Reply

Your email address will not be published. Required fields are marked *